The words you are searching are inside this book. To get more targeted content, please make full-text search by clicking here.

20191029-Bored Pile Knowlege-Ye Min Naing

Discover the best professional documents and content resources in AnyFlip Document Base.
Search
Published by CE Innovation, 2023-01-23 19:01:25

20191029-Bored Pile Knowlege-Ye Min Naing

20191029-Bored Pile Knowlege-Ye Min Naing

Bored Pile Knowledge Ye Min Naing 50 Tuesday, October 29, 2019 ကျွန်တော်တို့ မလောင်းခင်မှာ ကွန်ကရစ်လောင်းမည့်Level ကို သတ်မှတ်ရပါတယ်။ ဒါကိုဘယ်သူက သတ်မှတ်သလဲဆိုတော့Quality Engieer နဲ့Project နဲ့သက်ဆိုင်တဲ့တာဝန်ရှိသူတွေက သတ်မှတ်လို့ရပါတယ်။ Economy နဲ့Qulaity လွန်ဆွဲတဲ့ပွဲပါ။ တစ်ချို့က Casing Top အထိကွန်ကရစ်ပေါ်လာအောင်လောင်းတယ်။ Quality ပိုင်းကတော့ စိတ်ချရတယ်။ ဒါပေမယ့်Economy မဖြစ်ဘူးပေါ့။ ပိုလောင်းလိုက်ရတာကို။ တစ်ချို့ကတော့Bored Pile Cut Off Level ကနေ့1.5 m ခွဲလောင်းကြတယ်။ Economy တော့ဖြစ်တယ်။ ဒါပေမယ့်Pile Hacking လုပ်တဲ့အချိန်ကြရင်တော့ဘုရားတနေရတာပေါ့နော်။ Under Cut Off ဖြစ်မှာကြောက်နေရတာကို။ အောက်ကပုံလေးကိုတစ်ချက်ကြည့်ကြည့်ပါအုံး။ Casting Upper Cut Off Level Casting Up to Casing Top Level


Bored Pile Knowledge Ye Min Naing 51 Tuesday, October 29, 2019 Bored Pile ရဲ့Cut Off Level ကနေ 3meter ပိုလောင်းထားတယ်။ စာဖတ်သူတို့ ကြိုက်နှစ် သက်သလို တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်နိုင်ပါတယ်။ ကွန်ကရစ်လောင်းပြီးပီဆိုတော့ Casing Extraction လုပ်ကြပါစို့။ 3.10 Temporary Casing Extraction (ကေဇင် ဆွဲနုတ်ခြင်း) Temporary Casing Extraction ကလည်း အထက်မှာ ဖော်ပြခဲ့သော Temporary Casing Installation လိုပါပဲ။ Method (2) မျိုးရှိပါတယ်။ ကျွန်တော်ကြုံဖူးသလောက်တော့ under 6m length casing ဆိုရင်Service Crane တစ်ခုတည်းနဲ့ဆွဲနုတ်လို့ရပါတယ်။ Upper 6m length casing ဆိုရင်တော့ မကျိန်းသေတော့ပါဘူး။ Vibrohammer သုံးရင်ပိုပြီး အဆင်ပြေလိမ့်မယ်ဟုယူဆရပါတယ်။


Bored Pile Knowledge Ye Min Naing 52 Tuesday, October 29, 2019 3.10.1 Temporary Casing Extraction > Service Crane ကွန်ကရစ်လောင်းပြီးတော့ Hanging Rod ပြန်ဖြုတ်ပစ်ရပါမယ်။ တစ်ချို့ကတော့ ထားခဲ့လိုက်တယ်ပေါ့။ ဘိုးပိုင်တစ်လုံး Hanging Rod တစ်စုံဆိုရင်ဘယ်တတ်နိုင်ပါ့မလဲ။ Haning Rod ဖြုတ်မယ်။ Casing Cover Tank ဖယ်မယ်။ နာရီဝက်လောက်တော့ ကြာမယ်ပေါ့။ အရမ်းကြာသွားရင် Casing ကိုကွန်ကရိကိုက်သွားနိုင်တယ်နော်။ လောင်းပြီးခါနီး ဒါတွေလုပ်ဖို့ကြိုတင်ပြင်ဆင်ထားပေါ့။ Temporay Casing Extraction Service Crane Service Crane & Vibrohammer Hanging Rod Removal Casing Extraction


Bored Pile Knowledge Ye Min Naing 53 Tuesday, October 29, 2019 3.10.2 Temporary Casing Extraction > Service Crane & Vibrohammer ဒါဆိုရင်ကျွန်တော်တို့Bored Pile Work ပြီးပီပေါ့နော်။ Site Cleaning and Housekeeping ပဲကျန်တော့တာပေါ့။ အိုကေ Housekeeping and Site Cleaning ဘယ်လောက်အရေးပါသလဲ ဆက်ကြည့်ကြရအောင်။ Remove Casing Cover Tank Casing Extraction Casing Extraction Casing Extraction


Bored Pile Knowledge Ye Min Naing 54 Tuesday, October 29, 2019 3.11 Housekeeping and Site Cleaning လုပ်ငန်းခွင် သန့်ရှင်းရေး နှင့် ထိန်းသိမ်းရေးကလေ အရမ်းကို အရေးကြီးတဲ့ အချက်ပါပဲ။ မိမိ လုပ်ငန်းခွင်လေး သန့်ရှင်းသပ်ရပ်နေရင် ဘယ်လောက်စိတ်ကြည်နူးစရာကောင်းသလဲ။ လုပ်ငန်းခွင်လေ့လာရေး လာသူတွေလည်း သန့်ရှင်းသပ်ရပ်နေရင်ဘယ်လောက်စိတ်ကျေနပ်မလဲ။ ရှုပ်ပွ ညစ်ပတ်နေရင်ဘယ်သူက လာချင်မလဲနော်။ လုပ်ငန်းခွင်သန့်ရှင်းရေးကို အမြဲတမ်း ညနေအလုပ်မသိမ်းခင်နာရီဝက် (၃၀) မိနစ်လုပ်ကြပါ။ တစ်နေ့တာ ကိုယ်လုပ်ခဲ့တဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းရေး နေ့စဉ်လုပ်သွားပါ။ နောက်နေ့ ကိုယ်အလုပ်ပြန်လုပ်တော့လုပ်ငန်းခွင်က သန့်ရှင်းနေတော့ကိုယ်လည်း အလုပ်လုပ်ရ တာစိတ်ကျေနပ်ပြီး ကိုယ်ခန္ဓာပေါ့ပါးလန်းဆန်းစေပါတယ်။ တစ်နေ့တာ မိမိသုံးခဲ့တဲ့ပစ္စည်းတွေကို သူနေရာနဲ့သူ သပ်သပ်ရပ်ရပ်ပြန်လည်သိမ်းဆည်းထားဖို့လည်း အရေးကြီးပါတယ်။ နောက်လူက အဲ့ပစ္စည်းကိုသုံးချင်ရင် ဘယ်သူ့ကိုမှမေးနေစရာမလိုဘူး။ ဘယ်ပစ္စည်းက ဘယ်မှာရှိတယ်လူတိုင်းက သိနေပြီးသားဖြစ်နေရော။ နောက်တစ်ခု သန့်ရှင်းရေးရဲ့ အကျိုးရလဒ်တစ်ခုက လုပ်ငန်းခွင်မှာ တာဝန်ယူနေရသော Safety Officer များအတွက်ပါ။ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေသာ ၀န်ထမ်း မတော်တဆ တစ်ခုခုဖြစ်ပီဆိုရင် ပထမဆုံး တာဝန်ယူရတာက Safety Officer များဖြစ်ပါတယ်။ လုပ်ငန်းခွင်က သန့်ရှင်းသပ်ရပ်နေတော့မတော်တဆ ဖြစ်ဖို့က ခဲယဉ်းတာပေါ့။ သန့်ရှင်းရေး လုပ်ငန်းက Safety Officer များအတွက်အလွယ်ကူဆုံးနှင့်အထိရောက်ဆုံး နည်းစနစ်တစ်ခုပါ။ ယနေ့ခေတ်ဆို ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီတွေကလည်း လာရောက် ရင်းနှီးမြုပ်နှံ နေတော့ မိမိတို့ လုပ်ငန်းခွင်ရှေ့ကနေ ဖြတ်သန်းသွားလာနေကြတာ မြင်နေ တွေ့နေ ကြတာဆိုတော့ မိမိလုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်နေတာကို မြင်တော့ ချီးကျူးကြမှာပါ။ ဒါဆို သန့် ရှင်းရေးလုပ်ခြင်းက မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုမြင့်တက်စေပါတယ်။ မနက်ဖက် လုပ်ငန်းခွင် မစခင် (၁၀) မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပြီး၊ တစ်နေ့တာ လုပ် ဆောင်မည့် လုပ်ငန်းစဉ်များ ပြောကြားပါ။ ထိုလုပ်ငန်းစဉ်များ နှင့်ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် များကို Safety Officer များက အသိပေး ပညာပေးများ လုပ်ပေးစေချင်ပါတယ်။ အရမ်း အကြာကြီး မဟုတ်ပဲ တစ်နေ့ကို ခေါင်းစဉ် တစ်မျိုးလောက်နဲ့ ပညာပေး လုပ်စေချင်ပါတယ်။ ဒါမှ သာလျှင် စည်းမျဉ်းစည်းကမ်းများ ရှောင်ရန် ဆောင်ရန်များကို သိရှိနားလည်သော ကျွမ်းကျင် လုပ်သားများ ရရှိလာမှာ ဖြစ်ပါတယ်။ မိမိလုပ်ငန်းခွင်ကစပြီး သန့်ရှင်းရေး၊ လုပ်ငန်းသုံး ပစ္စည်းများ စနစ်တကျသိမ်းဆည်းရေး နှင့် အန္တရာယ်ကင်းရှင်းရေး အသိပေး ပညာပေး များလုပ်ပြီး ကျွမ်းကျင်သော လုပ်သားများ ရရှိကာ ပိုမိုတိုးတက်သော နိုင်ငံတော်ကြီး တစ်ခုကိုတည်ထောင်နိုင်ပါစေ။ Normal Waste Construction Waste


Bored Pile Knowledge Ye Min Naing 55 Tuesday, October 29, 2019 Site Cleaning Site Cleaning Site Cleaning Morning Exercise Safety Induction Safety Induction ဆိုတာက လုပ်ငန်းခွင် မ၀င်ခင်ဝန်ထမ်းအသစ်တွေကိုအန္ကရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ပညာပေး အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို တက်ပြီးသားသူတွေကို Helmet မှာ တက်ပြီသား sticker ကပ်ထားပေးရပါမယ်။ Safety Induction


Bored Pile Knowledge Ye Min Naing 56 Tuesday, October 29, 2019 4.0 Good Practice (ကောင်းမွန်သော အလေ့အထများ) လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး အလေ့အထ ကောင်းလေးတွေကိုနည်းနည်းလောက်ပြောပြခွင့်ပြုပါ ခင်ဗျာ။ အောက်ပါ ပုံလေးတွေကိုဆက်လက်ကြည့်ရှုကြပါစို့။ အနရာယ်ကယ်ရှင်းရေး Facilities များ။ လျှပ်စစ်ဝါယာကြိုးများကို flexible cover pipe စွပ်ပြီး အသုံးပြုခြင်း။ Lighting Facility ကို စနစ်တကျ ဆောင်ရွက်ခြင်း။ ယခုကဲသို့စနစ်တကျ အသုံး ပြုခြင်းက လျှပ်စစ်အနရာယ်ကို လျောကျစေပါသည်။္တ လုပ်ငန်းခွင်သုံး စက်များကို အသုံးပြုပြီး စနစ်တကျ ရပ်နားထားခြင်း။


Bored Pile Knowledge Ye Min Naing 57 Tuesday, October 29, 2019 လုပ်ငန်းခွင်သုံး ပစ္မည်းများကို စနစ်တကျ ထားရှိခြင်း။ လျှပ်စစ်Pannel ပုံများကို နေ့စဉ်စစ်ဆေးပြီး သူနဲ့ ပတ်သက်သည့်Checklist များကပ်ထားခြင်း။ လုပ်ငန်းခွင်သုံး ပစ္စည်းများကို လစဉ်စစ်ဆေးပြီး သုံးခွင့်ပြု/ မပြု စစ်ဆေးပြီး အမှတ်အသားကပ်ခြင်း။


Bored Pile Knowledge Ye Min Naing 58 Tuesday, October 29, 2019 Oil ယိုစိမ့်နိုင်သော စက်များ အောက်တွင်ဆီခံခွက်များ တပ်ဆင်ထားခြင်း။ ထိုကဲ့သို့ ပြုလုပ်ခြင်းက မြေဆီ မြေလွှာ ထိန်းသိမ်းရေးအတွက် ဖြစ်ပါတယ်။ လျှပ်စစ်Accident မှ ကာကွယ်ရန်အတွက်ရေစိုခံ Socket များကိုအသုံးပြုခြင်း။ ကောင်းမွန်သော လျှပ်စစ်ဝါယာကြိုး သွယ်တန်းမှု။


Bored Pile Knowledge Ye Min Naing 59 Tuesday, October 29, 2019 Bored Hole ကိုစနစ်တကျ ဖုံးအုပ်ထားခြင်း။ မတော်တဆ ပြုတ်ကျခြင်း accident မှကာကွယ်ရန်။ မီးသတ်ဆေးဗူးများကိုစနစ်တကျ ထားရှိခြင်း။ လစဉ်စစ်ဆေးပြီး အသုံးပြုရန်ခွင့်ပြုကြောင်း Sticker များကပ်ထားခြင်း။ လေးအိုး ဆေးအိုး များကို စနစ်တကျ အကန့်လိုက် ထားရှိခြင်း နှင့်သတိပေး စာသားများ ကပ်ထားခြင်း။


Bored Pile Knowledge Ye Min Naing 60 Tuesday, October 29, 2019 ဟုတ်ကဲ့ စာဖတ်ချစ်သူ ညီ၊ အစ်ကို၊ အစ်မ၊ ညီမ၊ ဆရာသမားများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အခု ကျွန်တော်ရေးလိုက်တဲ့ စာအုပ်လေးကတော့ ကျွန်တော် အရမ်းတော်အရမ်းတတ် နေလို့ ရေးတာ မဟုတ်ရပါဘူး။ ကျွန်တော်သိသလောက်လေးကို Knowledge Sharing လုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်ရေးသားထားသော အကြောင်းအရာများထဲတွင်လွဲမှားနေသော အယူအဆများ၊ အမြင်လွဲများ ရှိပါက အချိန်မရွေး ဆက်သွယ်ပြီး အမှန်ပြင်ပေးနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ရေးလိုက်တဲ့စာအုပ်ထဲက တစ်ခုခု ရသွားရင်ပဲ ကျေနပ်ဝမ်းသာ မိပါတယ်ခင်ဗျာ။ အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ ရဲမင်းနိုင် BE (Civil) TU (Maubin) yeminnaing2751987@gmail.com


BORED PILE KNOWLEDGE T H A N K T O A L L yeminnaing2751987@gmail.com Ye Min Naing 29.10.2019


Click to View FlipBook Version